Synthesis Productions

Together With MPT ep 26 ( Kalaw )

ဒီအပတ် #MPTနဲ့အတူတကွ အစီအစဉ်အပိုင်း (၂၆) က သင့်ကို အေးချမ်းလှတဲ့ ရှမ်းပြည်နယ်ရဲ့ တောင်ပေါ် မြို့ ကလောမြို့ လေးကို ခေါ်ဆောင်ပေးသွားမှာနော်.. ကလောမြို့ လေးဟာဆိုရင် ပြည်တွင်းပြည်ပခရီးသွားများကို သာယာလှပတဲ့ ရှုခင်းများနဲ့ ဖမ်းစားထားတဲ့မြို့ လေးတစ်မြို့ ဖြစ်ပြီး ခရီးရှည်လမ်းလျှောက်ခြင်းများအပြင် သဘာဝပတ်ဝန်းကျင်၊ သစ်ပင်ပန်းမန် နှင့် ယဉ်ကျေးမှုဓလေ့ထုံးစံများကိုလည်း တွေ့ ရှိရမှာဖြစ်လို့ ခရီးသွားဧည့်သည်များအကြား လူကြိုက်များလာကြပါတယ်။ ကလောမှအင်းလေးကန်အထိ လမ်းလျှောက်ခရီးထွက်မယ်ဆိုရင် ၂ ရက် ၃ ရက်ကြာပြီး တစ်နေ့ကို ၆ နာရီလောက်လျှောက်ရပါတယ်။ ကလောမြို့လေးဟာ တစ်နှစ်ပတ်လုံး ထင်ရှူးရနံများ သင်းပျံ့ နေတာမို့ ထင်းရှူးမြို့တော်လို့လည်း တင်စားခေါ်ဝေါ် ကြပါတယ်။ ကလောမြို့ မဈေးဟာဆိုရင်လည်း ခရီးသွားများအတွက် ဒေသထွက်ကုန်အစုံ ရရှိနိုင်တဲ့နေရာပါပဲ..တောင်ပေါ်ဒေသခံတွေက "MPT အသုံးပြုရတာအဆင်ပြေတယ်... MPTပဲသုံးဖြစ်တယ်" လို့ ပြောပြသွားတော့ MPT အနေနဲ့ ဝမ်းသာပီတိဖြစ်ခဲ့ရပါတယ်။

Videos

MySQL: 0.0009 s, 3 request(s), PHP: 0.0078 s, total: 0.0087 s, document retrieved from cache.