Synthesis Productions

Together With MPT ep 29 (Nyaung Shwe)

#MPTနဲ့အတူတကွ အစီအစဉ်အပိုင်း (၂၉) မှာတော့ ရှမ်းပြည်နယ် ညောင်ရွှေမြို့ သို့သွားရောက်လေ့လာထားတဲ့ အတွေ့ အကြုံများကို ဝေမျှပေးသွားမှာဖြစ်ပါတယ်။ ပထမဆုံးသွားရောက်ဖြစ်တဲ့နေရာလေးက ညောင်ရွှေမြို့ မှာရှိတဲ့ ယဉ်ကျေးမှုပြတိုက်ပါ။ ဟိုးအရင်တုန်းကတော့ စော်ဘွားများနေထိုင်ခဲ့တဲ့ ဟော်နန်းလို့ သိရှိခဲ့ပါတယ်။ ပြတိုက်မှာဆိုရင် ခေတ်အဆက်ဆက်က စော်ဘွားများနဲ့ မဟာဒေ၀ီတို့ရဲ့ သမိုင်းအကြောင်းများနဲ့ ဓါတ်ပုံများကိုထားရှိထားလို့ ခရီးသွားဧည့်သည်များ လာရောက်လေ့လာကြတဲ့ နေရာလေးပါပဲ။ ညောင်ရွှေမြို့ ပြတိုက်လမ်းမှာရှိတဲ့ MPT Branded Shop မှာတော့ ဆင်းမ်ကတ်မှတ်ပုံတင်ပေးနေခြင်းများနဲ့ ဖုန်းဘေလ်အပိုဆုပေးတဲ့ ပရိုမိုးရှင်းနဲ့ ကြုံကြိုက်လို့  ၀င်ရောက်လေ့လာရင်း MPT သုံးစွဲသူတွေနဲ့ တွေ့ ဆုံနှုတ်ဆက်ခဲ့ပါတယ်။ ဒေသခံများတွေကတော့ MPT ကို အသုံးပြုလာတာကြာပြီဖြစ်ပြီး ဖုန်းခေါ်ဆိုမှုတွေပိုပြီး ပြုလုပ်ဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။

Videos

MySQL: 0.0009 s, 3 request(s), PHP: 0.0040 s, total: 0.0049 s, document retrieved from cache.